Posts

ဦးပိန် တံတားသမိုင်း

Image
  ဦးပိန် တံတားသမိုင်း ဦးပိန်တံတား သမိုင်း ========== (ဦးပိန်)တည်ဆောက်ခဲ့သော ဦးပိန်မည်သော တံတား သမိုင်း ••••••••••••••••••••••••••• ကုန်းဘောင်ခေတ်မင်းဆက် ကိုးဆက်မြောက် "" ပုဂံမင်း "" ဟာ သာယာဝတီမင်းခေါ် ရွှေဘိုမင်းရဲ့ သားတော်တစ်ပါးဖြစ် ပါတယ် ။ ၁၂၀၈ ခုနှစ်မှာ နန်းတက်ခဲ့ပြီး ၁၂၁၄ မှာ နတ်ရွာစံ သွားခဲ့ရသော ၆ နှစ်သာစိုးစံခဲ့ရတဲ့မင်းတစ်ပါးပါပဲ ။ ပုဂံမင်း ဟာ တိုင်းရေးပြည်ရေးကို စိတ်ဝင်စားမှုမရှိဘဲအပျော်အပါးကို သာ လိုက်စားမက်မောသူဖြစ်ပါတယ် ။ ကြက်တိုက် ငှက် တိုက်စတဲ့ ကိစ္စတွေမှာသာပျော်ပိုက်ပြီး သေအရက်ကိုလည်း အလွန်အကြူးသောက်သုံးလေတော့တယ်။ဘယ်လောက်ထိ အပျော်အပါးကြီးသလဲဆိုရင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မဟာ သင်္ကြန်ပွဲတော်ကို ၃ရက်သာ ကျင်းပခဲ့သော်လည်း ပုဂံမင်း လက်ထက်မှာတော့ ၄၀ - ၄၅ ရက်အထိ ကျင်းပခိုင်းတယ်လို့ ဖတ်ရှုရပါတယ်။ နံနက်မျက်နှာသစ်ပြီးတာနဲ့ " ဒီနေ့ ဘယ် တိရိစ္ဆာန်နဲ့များတိုက်ပွဲလုပ်ဖို့ စီစဉ်ထားသလဲ " ဆိုတာကို အ ရင်ဆုံး မေးတော်မူတာပါဘဲ ။ အမရပူရ နေပြည်တော်အနီးမှာ " ဗုန်းအိုး " ဆိုတဲ့ ရွာတစ်ရွာရှိပါတယ် ။ ကုန်းဘောင်ခေတ်ဦး က ကုလားသုံ့ပန်းများနေထိုင်ရန်အတွက် ရွာတည်ပ...

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ(ကဗ်ာ)

Image
  သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ( ကဗ်ာ ) လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ , မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့ , မှီဝဲဆည်းကပ် နည်းယူစေ၊ သုံးပါးရတနာ မိဘများနှင့် , ဆရာသမားကို ပူဇော်လေ၊ ချမ်းသာကိုပေး ဆက်ဆံရေး , မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ …. ” ဗုဒ္ဓဝါဒ ” ကမ္ဘာ့ မင်္ဂလာတွေ။ ကုသိုလ်ပညာ ဥစ္စာရဖို့ , သင့်ရာဒေသ အမြဲနေ၊ ရှေးကတင်ကြို ပြုခဲ့ဖူးသည့် , ကောင်းမှုအထူး ရှိပါစေ၊ မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့ , မတိမ်းစေနဲ့ ဆောက်တည်လေ၊ ဥစ္စာကိုပေး နေထိုင်ရေး , မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ …. ” ဗုဒ္ဓဝါဒ ” ကမ္ဘာ့ မင်္ဂလာတွေ။ တတ်ကောင်းတတ်ရာ ဟူသမျှကို , ကြားမြင်သုတ , ရှိပါစေ၊ အိုးအိမ်ထူထောင် ဝမ်းစာရေးနဲ့ , အသက်မွေးဖို့ အတတ်သင်လေ၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို , ကောင်းစွာ သင်ကြား နားလည်စေ၊ မှန်ကန်ယဉ်ကျေး ချိုသာအေး , ဆိုရေးတတ်ပါစေ၊ အဲဒါမှ …. ” ဗုဒ္ဓဝါဒ ” ကမ္ဘာ့ မင်္ဂလာတွေ။ မြင့်မိုရ်ရွှေတောင် မိဘကျွေးကို , ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ၊ ကြွေးသစ်ချကာ သားနှင့် မယားကို , မြှောက်စားချီးမြှင့် ဝတ်ကုန်စေ၊ အလုပ်တာဝန် မလစ်ဟင်းနဲ့ , အပြစ်ကင်းအောင...

တံငါလှေပေါ်က ကျောင်းဆရာ

Image
    တံငါလှေပေါ်က ကျောင်းဆရာ နိဒါန်း လက်ဦးဆရာ မိဘ နှစ်ဖြာ  ဆိုတဲ့စကားနဲ့ အညီ အမိ နဲ့ အဖတို့သည်လည်း အာစရိယ ဂိုဏ်းဝင် ဆရာများပင် ဖြစ်ကြသည်။ အချိန်တန် လူလားမြောက်၍ မိဘအရိပ်မှ ထွက်ခွာပြီး ကိုယ့်ဘဝ ကိုယ်ရပ်တည်ကာ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်း ချိန်မှာတော့ မိဘ ဆရာသမားများရဲ့ ဆုံမ ပဲ့ပြင် လမ်းညွန်ပေးခဲ့တဲ့ စေတနာတွေကို ပို၍ တန်ဖိုးနားလည်မိတော့သည်။   စာရေးသူသည် ကျေးလက်ဒေသ ရွာလေးတစ်ရွာတွင် မွေးဖွားလာခဲ့ပြီး ကျေးတောသူ ကျေးတောသားတို့ရဲ့ ဓလေ့စရိုက် အငွေ့အသက် တို့ကို ကိုယ်တိုင် သိမြင်ခံစား ခဲ့သူဖြစ်သည်။ ဘယ်နေရာ ဘယ်ဒေသ ဘယ်ရာထူးတွေပဲ ရောက်ရောက် ကိုယ့်မွေးရပ် ဇာတိကိုတော့ သတိရ လွမ်းဆွတ်နေမိသည်။ စာရေးသူ၏ မိဘများ သည် လယ်ယာလုပ်ငန်း တံငါလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်းပြုခဲ့သူများ ဖြစ်ကြသည်။ လယ်ယာလုပ်ငန်းပြီး၍အားလပ်ချိန်များတွင် တံငါလုပ်ငန်းများကိုဆက်လက် လုပ်ကိုင်ကြသည်။ ရာသီအလီလီညောင်းလို့ ပြက္ခဒိန်တွေ အသစ်အသစ်ပြောင်းလာခဲ့သော်လည်း အတိတ်တွေက အရိပ်ပမာ မနေ့ကလိုပဲ လားလို့ တွေးထင်မိသည်။     ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့်စကား အတိုင်း လယ်ကွင်းပြင်ကြီးထဲမှာ ရေတဖွေးဖွေးနဲ့ လှေကလ...